ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 8:3-10 Judson Bible (BJB)

3. တဖန် ဟာမတ်ဇောဘမြို့သို့ ချီသွား၍ နိုင်လေ ၏။

4. ပြည်ထဲမှာ တာဒမော်မြို့၊ ဟာမတ်ပြည်၌ ရှိသမျှသော ဘဏ္ဍာတော်မြို့၊

5. မြို့ရိုး၊ တံခါး၊ ကန့်လန့်ကျင် နှင့်ခိုင်ခံ့သော အထက်ဗေသော ရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကို လည်း တည်လေ၏။

6. ဗာလတ်မြို့နှင့် ဘဏ္ဍာတော်မြို့များ၊ ရထား တော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။

7. ဣသရေလအမျိုးသားမဖျက်ဆီးသောကြောင့်၊

8. ပြည်တော်၌ ကျန်ကြွင်းသော တပါးအမျိုးသား ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ အမျိုးအနွယ် သားစဉ် မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင် အောင် အခွန်ပေးစေ၏။

9. ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန် သည် အမှုတော်ထမ်းကျွန်မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော် မူ၏။

10. အမှုတော်ထမ်းများကို အုပ်သောသူ၊ ရှောလမုန် မင်း ခန့်ထားသော မှူးမတ်ကြီးနှစ်ရာငါးဆယ်ရှိကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 8