ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 7:1-7 Judson Bible (BJB)

1. ထိုသို့ ရှောလမုန်သည်ပဌနာပြု၍ ပြီးသော အခါ၊ ကောင်းကင်က မီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား ၏ ဘုန်းတော်နှင့်ပြည့်၏။

2. ထာဝရဘုရား၏အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရ ဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။

3. ထိုသို့မီးကျ၍ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်းအရပ် ၌ မြေပေါ်မှာ ဦးချပြပ်ဝပ်လျက် ကောင်းမြတ်တော်မူ သည်၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု ထာဝရ ဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကို ချီးမွမ်းကြ၏။

4. ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ လူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော် ကြ၏။

5. နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။

6. ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။

7. ရှောလမုန်သည်လည်း၊ ထာဝရဘုရား၏ အိမ် တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်း စေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ကောင်ဆီဥကိုပူဇော်၏။ အကြောင်းမူကား၊ အရင် လုပ်သောကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥကို မခံလောက်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 7