ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 34:27-33 Judson Bible (BJB)

27. ဤအရပ်ကို၎င်း၊ ဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည်ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကို နှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကိုပြုသောကြောင့်၊ သင့်စကားကို ငါနားထောင်၏။

28. ငါသည် သင်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချၖိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည်အတိုင်း၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။

29. ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊

30. ယုဒပြည်သူ ယေရုရှလင်မြို့သား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ၊ ဗိမာန်တော်သို့တက်၍ ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ၏။

31. ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု မိမိနေရာ၌ရပ်၍ အဓိဋ္ဌာန်ပြု၏။

32. စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့သည်၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည်အကြောင်း စီရင်တော်မူ၏။ ယေရုရှလင်မြို့သားတို့ သည်လည်း၊ ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင်၏ ပဋိညာဉ်တရားအတိုင်း ကျင့်ကြ၏။

33. ယောရှိမင်းသည်လည်း၊ ရွံရှာဘွယ်သောအရာရှိသမျှတို့ကို ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌ နေသော သူအပေါင်းတို့သည်၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုရမည်အကြောင်း၊ စီရင်တော်မူသဖြင့်၊ လက်ထက်တော်ကာလပတ်လုံး သူတို့သည် မဖောက်ပြန်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လိုက်လျက်နေကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 34