ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 3:1-2-11 Judson Bible (BJB)

1-2. ယေရုရှလင်မြို့တွင် ၊မောရိတောင်ပေါ်မှာ ခမည်းတော်ဒါဝိဒ်အား ထာဝရဘုရား ထင်ရှားတော် မူရာအရပ်၊ ယေဗုသိလူအရောန၏ ကောက်နယ်တလင်း ကို ဒါဝိဒ်ပြင်ဆင်ခဲ့ပြီးသော အရပ်၌ ရှောလမုန်သည် နန်းစံလေးနှစ်၊ ဒုတိယလ၊ နှစ်ရက်နေ့တွင် ထာဝရဘုရား ၏ အိမ်တော်ကို တည်စပြုတော်မူ၏။

3. ရှောလမုန်သည် ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှု၌ သွန်သင်ခြင်းကိုခံသည်နှင့်အညီ၊ သံတောင်အားဖြင့် အလျားသည် အတောင်ခြောက်ဆယ်၊ အနံတထောင်နှစ်ဆယ်ရှိ၏။

4. အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျားအတောင်နှစ်ဆယ်၊ အမြင့်အတောင်တရာ နှစ်ဆယ်ရှိ၏။ ရွှေစင်နှင့် မွမ်းမံလျက်ရှိ၏။

5. အိမ်တော်အတွင်းအမိုးကို ထင်းရူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကို ထု၍ ရွှေစင်နှင့်မွမ်းမံလေ၏။

6. အိမ်တော်၌ အသရေတင့်တယ်စေခြင်းငှါ ကျောက်မြတ်တို့ကို စီချယ်၏။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ်၏။

7. အိမ်တော်၏ထုပ်၊ လျောက်တိုင်၊ ထရုံ၊ တံခါး ရွက်တို့ကို ရွှေနှင့် မွမ်းမံ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ် များကို ထုလေ၏။

8. အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက် ထောင်နှင့်မွမ်းမံလေ၏။

9. ရွှေမှိုအချိန်ကား အကျပ်ငါးဆယ်ရှိ၏။ အထက် ခန်းတို့ကိုလည်း ရွှေနှင့်မွမ်းမံ၏။

10. အလွန်သန့်ရှင်းသော အခန်း၌ခေရုဗိမ်နှစ်ပါး ကို ထုလုပ်၍ ရွှေနှင့်မွမ်းမံ၏။

11. ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ် ရှည်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 3