ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 25:23-28 Judson Bible (BJB)

23. ဣသရေလရှင်ဘုရင်ယဟောရှသည် ယုဒရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင်မြို့ရိုးအတောင်လေးရာကို၊ ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။

24. ဩဗဒေဒုံလက်တွင်၊ ဗိမာန်တော်၌ ရှိသမျှသော ရွှေငွေမှစ၍၊ တန်ဆာအလုံးစုံနှင့် နန်းတော်ဘဏ္ဍာအလုံးစုံကို၎င်း၊ အာမခံသော သူအချို့တို့ကို၎င်း၊ ယူ၍ ရှမာရိမြို့သို့ပြန်သွား၏။

25. ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှသေသောနောက်၊ ယုဒရှင်ဘုရင်ယောရှသားအာမဇိ သည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။

26. အာမဇိပြုမူသော အမှုအရာကြွင်းသမျှ အစအဆုံးတို့သည်၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

27. အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှလွှဲသွားသောနောက်၊ သူ၏တဘက်၊ ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊

28. မြင်းပေါ်၌ တင်လျက်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 25