ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 25:1-13 Judson Bible (BJB)

1. အာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူယုဒ္ဒန်အမည်ရှိ၏။

2. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြုသော်လည်း၊ စိတ်နှလုံးမစုံလင်။

3. အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ၏။

4. သားအတွက်အဘသည် အသေမခံရ။ အဘအတွက် သားသည် အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေး ထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်၍၊ ထိုကျွန်တို့၏သားများကို မသတ်ဘဲနေ၏။

5. အာမဇိမင်းသည် ယုဒလူတို့ကို စုဝေးစေ၍ ယုဒလူနှင့် ဗင်္ယာမိန်လူတို့တွင်၊ အဆွေအမျိုးအလိုက် လူတထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။ အသက်နှစ်ဆယ်လွန်၍၊ လှံနှင့်ဒိုင်းကို ကိုင်တတ်သောစစ်သူရဲ ကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ၏။

6. ခွန်အားကြီးသော ဣသရေလသူရဲတသိန်းကိုလည်း ငွေအခွက်တထောင်နှင့်ငှါး၏။

7. သို့ရာတွင် ဘုရားသခင်၏လူတယောက်သည် လာ၍ အိုမင်းကြီး၊ ဣသရေလတပ်ကိုမလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလလူတည်း ဟူသောဧဖရိမ်အမျိုးသား အပေါင်းတို့နှင့်အတူ ရှိတော်မမူ။

8. မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက်ခြင်းငှါ ခိုင်ခံ့သော်လည်း၊ ရန်သူရှေ့မှာ ဘုရားသခင်ရှုံးစေတော်မူမည်။ ဘုရားသခင်သည် မစခြင်းငှါ၎င်း၊ နှိမ့်ချခြင်းငှါ၎င်း တတ်နိုင်တော်မူ၏ဟု ပြောဆိုလျှင်၊

9. အာမဇိက၊ ဣသရေလတပ်ကိုငှါး၍ ငွေအခွက်တထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ပြုရမည် နည်းဟု ဘုရားသခင်၏လူကို မေးမြန်းသော်၊ ဘုရားသခင်၏လူက၊ ထိုမျှမက ထာဝရဘုရားသည် သာ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော၏။

10. ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာ သော စစ်သူရဲတို့ ကိုခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွားေစခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်ထွက်၍ ယုဒပြည်သားတို့၌ အငြိုးထားလျက်၊မိမိတို့ နေရာ သို့ပြန်သွားကြ၏။

11. အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ ဆားချိုင့်ကို တပ်ချီသဖြင့်၊ စိရတောင်သားတသောင်းကို လုပ်ကြံလေ၏။

12. ယုဒအမျိုးသားတို့သည် လူတသောင်းကို အရှင်ဘမ်းပြီးလျှင်၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှါ အောက်သို့ တွန်းချကြ၏။

13. ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကိုသတ်၍၊ လက်ရဥစ္စာအများကို သိမ်းသွားကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 25