ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 24:24-27 Judson Bible (BJB)

24. ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသော အလုံးအရင်းဖြစ်သော်လည်း၊ နည်းသောရှုရိတပ် အလုံးအရင်းလက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကိုတရားစီရင်ကြ၏။

25. ရန်သူထွက်သွားသောအခါ၊ ယောရှသည် ကြီးစွာသော ဒုက္ခကို ခံရလျက်နေရစ်သည်ဖြစ်၍၊ ယဇ်ပုရောဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့်၊ မိမိကျွန်တို့သည် သင်းဖွဲ့၍၊ သာလွန်ပေါ်မှာ သေအောင် လုပ်ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ်။

26. လုပ်ကြံသောသူကား၊ အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်နှင့် မောဘအမျိုးသမီးရှိမရိတ်သား ယဟောဇဗဒ်တည်း။

27. ယောရှသည် သားရှိခြင်းအရာ၊ လေးသောအမှုကို ထမ်းခြင်းအရာ၊ ဗိမာန်တော်ကို ပြုပြင်ခြင်းအရာတို့သည် ရာဇဝင်နှင့်ဆက်သောစာ၌ ရေးထားလျက်ရှိ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 24