ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 23:7-18 Judson Bible (BJB)

7. လေဝိသားတိုင်း မိမိလက်နက်ကိုကိုင်လျက်၊ ကိုယ်တော်မြတ်ကို ဝိုင်း၍ အိမ်တော်ထဲသို့ ဝင်သမျှသော သူတို့ကို သတ်ရမည်။ ရှင်ဘုရင်ထွက်ဝင်တော်မူသော အခါ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။

8. ထိုသို့ယဇ်ပုရောဟိတ်ယောယဒမှာ ထားသမျှအတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသားအပေါင်းတို့ သည်ပြု၍၊ ယဇ်ပုရောဟိတ်ယောဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့်၊ ဥပုသ်နေ့၌ ထွက်ရ သောသူနှင့် ဝင်ရသောသူအသီးအသီးတို့ကို ခေါ်ထား ကြ၏။

9. ဗိမာန်တော်၌ရှိသောဒါဝိဒ်မင်းကြီး၏ လှံများနှင့် ဒိုင်းလွှားများကို၊ ယဇ်ပုရောဟိတ်ယောယဒသည်ထုတ်၍၊ လူတရာအုပ်တို့အား အပ်လေ၏။

10. အသီးအသီးလက်နက်ကိုင်သော သူအပေါင်းတို့ကို ရှင်ဘုရင်ပတ်လည်၊ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌၊ လက်ျာထောင့်မှစ၍ လက်ဝဲထောင့်တိုင်အောင် နေရာချထားလေ၏။

11. ထိုအခါ ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းစာကိုတင်လျက်၊ ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယောယဒနှင့် သူ၏သားတို့သည် ဘိသိက်ပေး၍၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကြွေးကြော်ကြ၏။

12. အာသလိသည် လူများပြေး၍၊ ရှင်ဘုရင်ထံ၌ ချီးမွမ်းသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန်တော်သို့သွား၍၊

13. ရှင်ဘုရင်သည် ဗိမာန်တော်ဝင်ဝ၊ တိုင်နားမှာ ရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍၊ တံပိုးမှုတ်လျက် သီချင်းသည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍ ပုန်ကုန်မှုပါတကား၊ ပုန်ကန်မှုပါတကားဟု အော်ဟစ်လေ၏။

14. ယဇ်ပုရောဟိတ်ယောယဒကလည်း၊ ဗိမာန်တော်ထဲမှာ မသေစေနှင့်။ တပ်ပြင်သို့ ထုတ်ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူတရာအုပ်တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း၊

15. အာသလိကို ဘမ်းဆီးလျက်၊ နန်းတော်သို့ သွားသော မြင်းလမ်းဝသို့ ရောက်သောအခါ သတ်ကြ၏။

16. ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာဝရ ဘုရား၏လူဖြစ်ရမည်အကြောင်း၊ ယောယဒသည် မိမိထံ၌ ပဋိညာဉ်ဖွဲ့စေ၏။

17. လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကိုချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရော ဟိတ်မဿန်ကို သတ်ကြ၏။

18. မောရှေပညတ္တိကျမ်း၌ ပါသည်အတိုင်း၊ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ်စီရင်သည်အတိုင်း၊ ရွှင်လန်းစွာသီချင်းဆိုခြင်းအမှုကို ပြုစေ ခြင်းငှါ၊ ဗိမာန်တော်၌ ဒါဝိဒ်ခွဲထားသော ယဇ်ပုရောဟိတ် လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည်အကြောင်း၊ ယောယဒစီရင်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 23