ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 21:1-10 Judson Bible (BJB)

1. ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားေတာ်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

2. ယုဒရှင်ဘုရင်ယောရှဖတ်သား၊ ယဟောရံညီဟူမူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။

3. ခမည်းတော်သည်များစွာသော ရွှေငွေဥစ္စာ ရတနာနှင့်တကွ ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို သူတို့အား ပေး၏။ နိုင်ငံကိုကား၊ သားဦး ယဟောရံအား ပေး၏။

4. ယဟောရံသည် ခမည်းတော်နိုင်ငံ၌ တည်သော အခါ၊ ကိုယ်ကို ခိုင်ခံ့စေ၍၊ ညီတော်အပေါင်းတို့ကို၎င်း၊ ဣသရေလမှူးတော် မယ်တော်တချို့တို့ကို၎င်း၊ ထားနှင့် သတ်လေ၏။

5. ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံလေ၏။

6. အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

7. သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသောသားမြေးတို့၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ်နှင့် ပဋိညာဉ် ဖွဲ့တော်မူသောကြောင့်၊ သူ၏အမျိုးကို မဖျက်ဆီးဘဲထားတော်မူ၏။

8. ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။

9. ယဟောရံမင်းသည် မှူးမတ်များ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ညဉ့်အခါ ဝိုင်းသောဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံလေ၏။

10. သို့သော်လည်း၊ ဧဒုံပြည်သားတို့သည် ယနေ့ တိုင်အောင် ယုဒရှင်ဘုရင်ကိုပုန်ကန်ကြ၏။ ထိုကာလ၌၊ လိဗနပြည်သည်လည်း ပုန်ကန်၏အကြောင်းမူကား၊ ယဟောရံသည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 21