ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 20:29-32 Judson Bible (BJB)

29. ထာဝရဘုရားသည် ဣသရေလအမျိုး၏ ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည် ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ၏။

30. ထိုသို့ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ်သော အခွင့်ကိုပေး တော်မူသောကြောင့်၊ ယောရှဖတ်၏ နိုင်ငံတော်သည် သာယာ၏။

31. ယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ် ရှိသော် နန်းထိုင်၍ နှစ်ဆယ်ငါးနှစ်ပတ်လုံး ယေရုရှလင်မြို့မှာနေလျက်၊ ယုဒပြည်ကို စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ၏။

32. ထိုမင်းသည် ခမည်းတော်အာသလိုက်သောလမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သောအကျင့်ကိုသာ ကျင့်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 20