ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 20:1-11 Judson Bible (BJB)

1. ထိုနောက်မှ၊ မောဘအမျိုးသားနှင့် အမ္မန် အမျိုးသားတို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ၊ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာကြ၏။

2. အိုင်ကြီးတဘက်၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်းစစ်ချီလာ၍၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာရှိကြပါသည်ဟု ယောရှဖတ်အား ကြားလျှောက်လျှင်၊

3. ယောရှဖတ်သည် ကြောက်၍၊ ထာဝရဘုရားကို ရှာခြင်းငှါ သဘောချလျက်၊ အစာရှောင်ရာအချိန်ကို၊ ယုဒပြည်တရှောက်လုံး၌ ကြော်ငြာစေတော်မူ၏။

4. ယုဒလူတို့သည် ထာဝရဘုရားကိုဆုတောင်းမည်ဟု စုဝေး၍၊ ထာဝရဘုရားကို ရှာအံ့သောငှါ၊ ယုဒမြို့ ရှိသမျှမှ ထွက်လာကြ၏။

5. ယောရှဖတ်သည် ဗိမာန်တော် တန်တိုင်းသစ်ရှေ့၊ ယုဒပြည်သူယေရုရှလင်မြို့သားစည်းဝေးရာ ပရိသတ်အလယ်၌ရပ်လျက်၊

6. ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ဖြစ်တော်မူသည် မဟုတ်လော။ တပါးအမျိုးသားနေရာ တိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည်မဟုတ်လော။

7. ဤပြည်၌နေဘူးသောသူတို့ကို ကိုယ်တော်၏လူ ဣသရေလအမျိုး ရှေ့မှနှင်ထုတ်၍၊ ကိုယ်တော်အဆွေ အာဗြဟံ၏သားမြေးတို့အား၊ ဤပြည်ကို အစဉ်ပေးတော်မူသော အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသည် မဟုတ်လော။

8. သူတို့သည် နေရာကျ၍၊ နာမတော်အဘို့ သန့်ရှင်းရာဌာနတော်ကို တည်ဆောက်ကြသောအခါ၊

9. အကျွန်ုပ်တို့အပေါ်မှာထားဘေး၊ ဒဏ်ခတ်ခြင်းဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတစုံတခု ရောက်၍၊ နာမတော်ဖြင့်သမုတ်သောဤ အိမ်တော်၊ အထံတော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲဒုက္ခကြောင့် အော်ဟစ်ကြသောအခါ၊ နားထောင်၍ ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီ။

10. ယခုတွင်၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ တိုက်ရသော အခွင့် ပေးတော်မမူ။ လွှဲရှောင်၍ မဖျက်ဆီးဘဲ ထားခဲ့သော အမ္မုန်မျိုးသား၊ မောဘအမျိုးသား၊ စိရတောင်သားတို့သည်၊

11. အကျွန်ုပ်တို့အားအပိုင်ပေးတော်မူသော အမွေခံရာမြေထဲက၊ အကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှါ လာ၍၊ အဘယ်သို့ ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှုတော်မူပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 20