ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 2:15-18 Judson Bible (BJB)

15. သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိသည်အတိုင်း၊ ဂျုံဆန်၊ မုယောဆန်၊ စပျစ်ရည်၊ ဆီကိုကိုယ်တော် ကျွန်တို့ အား ပေးပါတော့။

16. ငါတို့သည် ကိုယ်တော်လိုချင်သမျှသော သစ် သားကို၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင် ဘောင် လုပ်၍ ပင်လယ်လမ်းဖြင့်၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟု ပြန်ပြော၏။

17. ခမည်းတော်ဒါဝိဒ်သည် ဣသရေလနိုင်ငံ၌ နေသော တပါးအမျိုးသားအပေါင်းတို့ကို စာရင်းယူပြီး သည်နောက်၊ တဖန်ရှောလမုန်သည် စာရင်းယူပြန်၍၊ တသိန်းငါးသောင်းသုံးထောင်ခြောက်ရာတို့ကို တွေ့၏။

18. ထမ်းသောသူ ခုနစ်သောင်း၊ တောင်ပေါ်မှာ သစ်ခုတ်သောသူရှစ်သောင်း၊ အမှုကိုကြည့်ရှုစီရင်သော သူ သုံးထောင်ခြောက်ရာတို့ကို ခွဲထားတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 2