ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 16:2-9 Judson Bible (BJB)

2. ထိုအခါ ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို၊ အာသသည်ထုတ်၍၊ ဒမာသက်မြို့၌နေသော ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်ထံသို့ပေးလိုက်၍၊

3. ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါပေးလိုက်၏။ ဣသရေ လရှင်ဘုရင်ဗာရှာသည် ငါ့ထံမှထွက်သွားစေခြင်းငှါ၊ သူနှင့်ဖွဲ့သော မိဿဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။

4. အာသမင်းကြီး၏ စကားကို ဗဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ၊ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍၊ နဿလိပြည်၌ရှိသမျှ သောဘဏ္ဍာမြို့တို့ကို လုပ်ကြံကြ၏။

5. ထိုသိတင်းကို ဗာရှာသည်ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ်၍နေ၏။

6. ထိုအခါအာသမင်းကြီးသည် ယုဒလူအပေါင်းကို ခေါ်သဖြင့်၊ ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား၍၊ ဂေဘမြို့နှင့် မိဇပါမြို့ကိုတည်၏။

7. ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ၍၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသော ကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် မင်းကြီး လက်မှ လွတ်သွားကြပြီ။

8. ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီး သူရဲများနှင့်တကွ၊ အားကြီးသောအလုံးအရင်ဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ။

9. ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 16