ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 13:4-15 Judson Bible (BJB)

4. အဘိယသည် ဧဖရိမ်ခရိုင်၊ ဇေမရိမ်တောင် ပေါ်မှာ ရပ်လျက်၊ အိုယေရောဗောင်နှင့် ဣသရေလလူ အပေါင်းတို့၊ နားထောင်ကြလော့။

5. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဆားနှင့် ယှဉ်သောပဋိညာဉ်အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့၌အစဉ် အပ်တော်မူကြောင်းကို၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော။

6. သို့ရာတွင်၊ ဒါဝိဒ်သားတော်ရှောလမုန်၏ ကျွန်နေဗတ်သားယေရောဗောင်သည်၊ မိမိအရှင်ကို တဘက်ထ၍ ပုန်ကန်လေပြီ။

7. ရှောလမုန်သားရောဗောင်သည် အသက်ငယ်၍ သဘောနူးညံ့သောကြောင့်၊ မဆီးတားနိုင်သောအခါ၊ လျှပ်ပေါ်သောသူ၊ အဓမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး၍၊ ရောဗောင်မင်းတဘက်၌ ကိုယ်ကို ခိုင်ခံ့စေ ကြ၏။

8. ယခုလည်း သင်တို့သည် ဒါဝိဒ်၏သားမြေး၌ ရှိသော ထာဝရဘုရား၏ နိုင်ငံတော်ကို ဆီးတားမည်ဟု ကြံစည်ကြသည်တကား၊ သင်တို့သည် များပြား၍ သင်တို့ ဘုရားအရာ၌၊ ယေရောဗောင်လုပ်သော ရွှေနွားသငယ် တို့လည်းရှိကြ၏။

9. သင်တို့သည် ထာဝရဘုရားခန့်ထားတော်မူသော ယဇ်ပုရောဟိတ်၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသားတို့ကိုနှင်ထုတ်၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ်အဘို့ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြပြီမဟုတ်လော။ ထိုသို့နှင့်အညီ၊ နွားသငယ်တကောင်နှင့် သိုးခုနစ်ကောင်ကို ပေး၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကို ခံသော သူမည်သည်ကား၊ ဘုရားမဟုတ်သောသူထံမှာ ယဇ်ပုရောဟိတ်ပြုရသည်တကား။

10. ငါတို့မူကား၊ ထာဝရဘုရားကိုမစွန့်။ ထိုဘုရား သည် ငါတို့၌ ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရား ၏အမှုတော်ကို ထမ်းသောယဇ်ပုရောဟိတ်တို့သည် အာရုန်အမျိုးဖြစ်ကြ၏။ လေဝိသားတို့သည်လည်း၊ မိမိတို့ အမှုကို စောင့်နေကြ၏။

11. ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို၎င်း၊ ညဦး တိုင်းထွန်းစရာဘို့ရွှေမီးခုံနှင့် မီးခွက်တို့ကို၎င်း ပြင်ဆင်ကြ၏။ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ကြပြီ။

12. ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါတို့တွင် ဗိုလ်မင်းဖြစ်တော်မူ၏။ ဘုရားသခင်၏ ယဇ်ပုရောဟိတ်တို့သည်လည်း၊ တံပိုးမှုတ်လျက် သင်တို့တဘက်၌ နှိုးဆော် ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလအမျိုးသားတို့၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားတဘက်၌ မတိုက်ကြနှင့်။ တိုက်လျှင်ရှုံးရကြလိမ့်မည်ဟု ပြောဆို၏။

13. ယေရောဗောင်သည် ယုဒလူတို့နောက်၌ မထင်မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်းနေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်းကြ၏။

14. ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှုဝိုင်း မိသည်ကိုမြင်လျှင်၊ ထာဝရဘုရားအားဟစ်ခေါ်၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ၏။

15. တဖန်ယုဒလူတို့သည် ကြွေးကြော်သောအခါ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 13