ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 13:1-5 Judson Bible (BJB)

1. ယေရောဗောင်မင်းကြီး နန်းစံဆယ်နှစ်နှစ်တွင် အဘိယသည် ယေရုရှလင်မြို့၌မင်းပြု၍၊

2. ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ ဂိဗာမြို့သားဩရေလ၏ သမီးမာခါအမည်ရှိ၏။ အဘိယနှင့် ယေရောဗောင်တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား၊

3. အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်းလေးသိန်းနှင့် စစ်ခင်းကျင်၏။ ယေရောဗောင်သည် ရွေးချယ်သောစစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်းကျင်း၏။

4. အဘိယသည် ဧဖရိမ်ခရိုင်၊ ဇေမရိမ်တောင် ပေါ်မှာ ရပ်လျက်၊ အိုယေရောဗောင်နှင့် ဣသရေလလူ အပေါင်းတို့၊ နားထောင်ကြလော့။

5. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဆားနှင့် ယှဉ်သောပဋိညာဉ်အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့၌အစဉ် အပ်တော်မူကြောင်းကို၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 13