ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 12:9-16 Judson Bible (BJB)

9. အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။

10. ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါဒိုင်းတို့ကိုလုပ်၍၊ နန်းတော်တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။

11. ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက် တဖန်မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ၏။

12. ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌ လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊

13. ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကိုခိုင်ခံ့စေ၍ စိုးစံသေး၏။ေရာေဗာင်သည်နန်းထိုင်ေသာအခါ အသက်ေလးဆယ်တနှစ်ရှိ၏။ ထာ၀ရ ဘုရားသည်နာမ ေတာ်တည်စရာဘို့၊ ၕၕဣသရေလခရိုင်များတို့အထဲက ေရွးေကာက်ေသာေယရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ်စိုးစံေလၔ၏။ မယ်ေတာ်ကားအမ္မုန်အမျိုးသား၊ ေနမအမည်ရှိ၏။

14. ထာဝရဘုရားကို ရှာလိုသောငှါ၊ မိမိသဘော မချသောကြောင့်၊ ဒုစရိုက်အမှုကိုပြု၏။

15. ရောဗောင်ပြုမူသော အမှုအရာအစအဆုံးတို့သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက် ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။

16. ရောဗောင်သည်လည်း၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 12