ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 1:7-17 Judson Bible (BJB)

7. ထိုညဉ့်တွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ၏။

8. ရှောလမုန်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် အဘဒါဝိဒ်၌ များစွာသော ကျေးဇူးကိုပြုတော်မူပြီ။ အဘအရာ၌လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ။

9. ယခုမှာ အိုထာဝရအရှင်ဘုရားသခင်၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသော လူတို့၏ ရှင်ဘုရင်အရာ၌ အကျွန်ုပ်ကို ချီးမြှောက်တော်မူသောကြောင့် အဘဒါဝိဒ်၌ထားသော ဂတိတော်ကို တည်စေတော်မူပါ။

10. အကျွန်ုပ်သည် ဤလူတို့ရှေ့မှာထွက် ဝင်နိုင် မည်အကြောင်း ဥာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင် နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။

11. ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက် မေ့၍ စည်းစိမ်ဥစ္စာဂုဏ်အသရေကို မတောင်း၊ ရန်သူတို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သော အသက် ကိုလည်းမတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏ လူမျိုးကို တရားစီရင်ခြင်းငှါ တတ်နိုင်သော ဥာဏ်ပညာ ကိုသာ ကိုယ်အဘို့ တောင်းသောကြောင့်၊

12. ဥာဏ်ပညာကို ငါပေး၏။ ထိုမှတပါး သင့်ရှေ့ မှာဖြစ်ဘူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတံ့ သော ရှင်ဘုရင်တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။

13. ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှ သည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ၏။

14. ထိုနောက်ရှောလမုန်သည် ရထားများ၊ မြင်းစီး သူရဲများကို ဆည်းဖူး၍၊ ရထားတထောင်နှင့်လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့ ၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။

15. ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း၊ များပြားစေ၏။

16. ရှောလမုန်ထံသို့မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှ ဆောင်ခဲ့ရ၏။ ရှင်ဘုရင်ကုန်သည်တို့သည် အဘိုးပေးလျက်၊ ကောမြို့၌ခံယူရကြ၏။

17. အဲဂုတ္တုပြည်မှ ရထားတခုကိုငွေခြောက်ပိဿာ နှင့်၎င်း၊ မြင်းတစီးကို ငွေခြောက်ပိဿာနှင့်၎င်း၊ မြင်း တစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့်၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 1