ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 1:15-26 Judson Bible (BJB)

15. လုလင်တယောက်ကိုခေါ်၍၊ သူ့ကို သွားသတ်တော့ဟုဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍ သတ် လေ၏။

16. ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာတည်စေ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီဟုဆို၏။

17. ဒါဝိဒ်သည် ရှောလုနှင့်သားတော် ယောနသန်ကြောင့် ငိုကြွေးမည်တမ်း၍၊

18. ယုဒအမျိုးသားတို့အား သင်စေသော လေး သီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား၊

19. အိုဣသရေလဂုဏ်အသရေ၊ သင်၏မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။

20. ထိုသိတင်းကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ၏။

21. အိုဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုဃ်းမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသောရှောလု ဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။

22. သူရဲတို့၏အသွေး၊ ခွန်အားကြီးသော သူတို့၏ ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု ၏ထားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။

23. ရှောလုနှင့်ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တယောက်နှင့် တယောက်မကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။

24. အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသော ကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော် မူ၏။

25. စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အို ယောနသန်၊ သင်၏ မြင့်သောအရပ်တို့၌သင်သည် အသေခံ လေပြီတကား။

26. ငါ့ညီယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍၊ ငါ့ကိုချစ်သော မေတ္တာသည် အံ့ဩဘွယ်သောမေတ္တာ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ၍၊ အားကြီးသောမေတ္တာဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 1