4. ယုဒသား ဖာရက်အမျိုးအနွယ်၊ ဗာနိ၊ ဣမရိ၊ ဩမရိ၊ အမိဟုဒ်တို့မှ ဆင်းသက်သော ဥသဲတပါး၊
5. ရှိလေနိအမျိုးဖြစ်သော သားဦးအသာယနှင့် သူ၏သားတစု၊
6. ဇေရအမျိုးယွေလနှင့် သူ၏ညီအစ်ကိုတစု ပေါင်းခြောက်ရာ ကိုးဆယ်တည်း။
7. ဗင်္ယာမိန်အမျိုးအနွယ်ဖြစ်သော ဟာသေနွာ၊ ဟောဒဝိ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊
8. ယေရောဟံသား ဣဗနိယ၊ မိခရိသားဖြစ်သော ဩဇိ၏သားဧလာနှင့် ဣဗနိယ၊ ရွေလ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ၍၊
9. သားစဉ်မြေးဆက် စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုးရာငါးဆယ်ခြောက်ယောက်တည်း။ ဤသူ အပေါင်းတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ၏။
10. ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊
11. အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိတို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ် အာဇရိတပါး၊
12. မာလခိ၊ ပါရှုရ၊ ယေရောဟံတို့မှ ဆင်းသက်သော အဒါယနှင့် ဣမေရ၊ မေရှိလမုတ်၊ မေရှုလံ၊ ယာဇေရ၊ အဒေလတို့မှ ဆင်းသက်သော မာရှဲအစ ရှိသော၊
13. အဆွေအမျိုးသူကြီး အမျိုးသားချင်း တထောင်ခုနစ်ရာခြောက်ဆယ်ရှိကြ၏။ ဤသူတို့သည် ဘုရားသခင်၏ အိမ်တော်အမှုကိုဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင်သောသူပေတည်း။
14. လေဝိသားမူကား၊ မေရာရိ အမျိုးအနွယ်ဖြစ်သော ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာရတပါး၊
15. ဗာကဗက္ကာ၊ ဟေရက်၊ ဂလာလသုံးပါး၊ အာသပ်၊ ဇိခရိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိတပါး၊
16. ယေဒုသုံ၊ ဂလာလ၊ ရှေမာယတို့မှ ဆင်းသက်သော ဩဗဒိတပါး၊ နေတော ဖာသိရွာတို့တွင်နေသော ဧလကနသားအာသ၏သား ဗေရခိတပါးတည်း။