ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 9:26-31 Judson Bible (BJB)

26. ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေးယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင်၏အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရကြ၏။

27. ထိုသို့စောင့်၍ နံနက်တိုင်းတံခါးကို ဖွင့်ရသောကြောင့်၊ ဘုရားသခင်၏ အိမ်တော်ပတ်လည်၌ အိပ်ရကြ၏။

28. အချို့တို့သည်လည်း၊ အမှုတော်စောင့်တန်ဆာများကို အရေအတွက်အတိုင်း သွင်းလျက် ထုတ်လျက် စောင့်ကြရ၏။

29. အချို့တို့သည်လည်း၊ သန့်ရှင်းရာဌာနတော်တန်ဆာများ၊ အသုံးအဆောင်များ၊ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လောဗန်၊ နံ့သာမျိုးများကို ပြုစု၍စောင့်ရကြ၏။

30. ယဇ်ပုရောဟိတ်အမျိုးသားအချို့တို့သည်လည်း နံ့သာဆီကို လုပ်ရကြ၏။

31. လေဝိသား၊ ကောရသိအဆွေအမျိုးဖြစ်သော ရှလ္လုံ၏သားဦးမတ္တိသိသည် သံပြားဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 9