ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 9:17-32 Judson Bible (BJB)

17. တံခါးစောင့်မူကား ရှလ္လုံ့၊ အက္ကုပ်၊ တာလမုန်၊ အဟိမန်အစရှိသော ညီအစ်ကိုတစု၊

18. ရှလ္လုံသည် ရှင်ဘုရင်ဝင်သော အရှေ့တံခါးတွင် တံခါးမှူးဖြစ်၏။ ဤသူတို့သည် လေဝိသားအပေါင်းအသင်း၌ပါသော တံခါးစောင့်ပေတည်း။

19. ကောရသိ အဆွေအမျိုး၊ ကောရ၊ ဧဗျာသပ်၊ ကောရတို့မှ ဆင်းသက်သော ရှလ္လုံနှင့်မိမိညီတို့သည် အမှုတော်စောင့်ရာတွင် တဲတော်တံခါးစောင့်ဖြစ်ကြ၏။ အဘတို့သည် ထာဝရဘုရား၏ဗိုလ်ခြေတပ်ချရာတွင် တဲတော်ဦးစောင့်ဖြစ်ကြ၏။

20. ရှေးကာလဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ကိုအုပ်ရ၍၊ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။

21. မေရှိလမိသားဇာခရိသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးစောင့်ဖြစ်၏။

22. တံခါးစောင့်အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတဆယ်နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက်အသီး အသီးနေသော ရွာ၌စာရင်းဝင်ကြ၏။

23. ထိုသူ၏သားစဉ်မြေးဆက်တို့သည် တဲတော်တည်းဟူသော ထာဝရဘုရား၏အိမ်တော်၌ တံခါးစောင့်အမှုကို ဆောင်ရွက်ရကြ၏။

24. တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ၌ စောင့်နေရကြ၏။

25. ရွာတို့၌နေသော အပေါင်းအဘော်တို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက်၊ ခုနစ်ရက်လာရ ကြ၏။

26. ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေးယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင်၏အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရကြ၏။

27. ထိုသို့စောင့်၍ နံနက်တိုင်းတံခါးကို ဖွင့်ရသောကြောင့်၊ ဘုရားသခင်၏ အိမ်တော်ပတ်လည်၌ အိပ်ရကြ၏။

28. အချို့တို့သည်လည်း၊ အမှုတော်စောင့်တန်ဆာများကို အရေအတွက်အတိုင်း သွင်းလျက် ထုတ်လျက် စောင့်ကြရ၏။

29. အချို့တို့သည်လည်း၊ သန့်ရှင်းရာဌာနတော်တန်ဆာများ၊ အသုံးအဆောင်များ၊ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လောဗန်၊ နံ့သာမျိုးများကို ပြုစု၍စောင့်ရကြ၏။

30. ယဇ်ပုရောဟိတ်အမျိုးသားအချို့တို့သည်လည်း နံ့သာဆီကို လုပ်ရကြ၏။

31. လေဝိသား၊ ကောရသိအဆွေအမျိုးဖြစ်သော ရှလ္လုံ၏သားဦးမတ္တိသိသည် သံပြားဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။

32. သူ၏ညီအစ်ကိုနှင့် အခြားသောကောရသိအဆွေအမျိုးသားတို့သည် ဥပုသ်နေ့၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 9