1. အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက်စာရင်းဝင်၍၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့သို့သိမ်းသွားခြင်း ကို ခံရနှင့်သာ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် မှတ်စာ၌ ပါသတည်း။
2. နောက်တဖန်ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့၌ အဦးဆုံး နေရာကျသောသူကား၊ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်အသီးအသီး ဖြစ်ကြ၏။
3. ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး၊ ဗင်္ယာမိန် အမျိုး၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား၊
4. ယုဒသား ဖာရက်အမျိုးအနွယ်၊ ဗာနိ၊ ဣမရိ၊ ဩမရိ၊ အမိဟုဒ်တို့မှ ဆင်းသက်သော ဥသဲတပါး၊
5. ရှိလေနိအမျိုးဖြစ်သော သားဦးအသာယနှင့် သူ၏သားတစု၊
6. ဇေရအမျိုးယွေလနှင့် သူ၏ညီအစ်ကိုတစု ပေါင်းခြောက်ရာ ကိုးဆယ်တည်း။
7. ဗင်္ယာမိန်အမျိုးအနွယ်ဖြစ်သော ဟာသေနွာ၊ ဟောဒဝိ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊
8. ယေရောဟံသား ဣဗနိယ၊ မိခရိသားဖြစ်သော ဩဇိ၏သားဧလာနှင့် ဣဗနိယ၊ ရွေလ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ၍၊
9. သားစဉ်မြေးဆက် စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုးရာငါးဆယ်ခြောက်ယောက်တည်း။ ဤသူ အပေါင်းတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ၏။