1. ဗင်္ယာမိန်သားဦးကား ဗေလ၊ ဒုတိယသား အာရှဗေလ၊ တတိယသားအဟိရံ၊
2. စတုတ္ထသား နောဟ၊ ပဥ္စမသား ရာဖတည်း။
3. ဗေလသားကား အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊
4. အဘိရွှ၊ နေမန်၊ အာဟော၊
5. ဂေရာ၊ ရှေဖုဖံ၊ ဟုရံတည်း၊
6. မာနဟက်မြို့သို့ နေရာပြောင်းသော ဂေဗမြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ်သားကား၊ နေမန်၊ အဟိယ၊ ဂေရတည်း။
7. နေရာပြောင်းသောနောက်၊ ဩဇနှင့် အဟိဟုဒ် ကိုလည်း မြင်၏။
8. ရှဟာရိမ်သည် မယားဟုရိမ်နှင့် ဗာရာကိုစွန့်ပြီး မှ၊ မောဘပြည်၌ နေ၍၊
9. မယားဟောဒေရှတွင် ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊
10. ယုဇ၊ ရှာခိ၊ မိရမတို့ကို မြင်၍၊ ဤသူတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ၏။
11. အရင်မယား ဟုရှိမ်တွင်၊ အဘိတုပ်နှင့် ဧလပါလကို မြင်၏။
12. ဧလပါလသားကား ဧဗာ၊ မိရှဟံ၊ ရှာမက်တည်း။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့် ကျေးလက်များကို ပြုစုသောသူဖြစ်၏။
13. ဗေရိယနှင့် ရှေမတို့သည် ဂါသမြို့သားတို့ကို နှင်ထုတ်သော အာဇလုန်မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။
14. ထိုမှတပါး၊ အဟိဩ၊ ရှာရှက်၊ ယေရိမုတ်၊