ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 7:24-33 Judson Bible (BJB)

24. သမီးရှေရကား အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသောသူဖြစ်၏။

25. သူ၏သားကားရေဖ၊ သူ၏သားရေရှပ်၊ သူ၏သားတေလ၊ သူ၏သားတာဟန်၊

26. သူ၏သားလာဒန်၊ သူ၏သားအမိဟုဒ်၊ သူ၏သား ဧလိရှမာ၊

27. သူ၏သားနုန်၊ သူ၏သားယောရှုတည်း။

28. သူတို့ပိုင်ထိုက်သော နေရာဟူမူကား၊ ဗေသလမြို့နှင့် ကျေးလက်၊ အရှေ့ဘက်၌ နာရန်မြို့၊ အနောက်ဘက်၌ ဂေဇာမြို့နှင့်ကျေးလက်၊ ရှေခင်မြို့နှင့်ကျေးလက်၊ ဂါဇမြို့နှင့် ကျေးလက်၊

29. မနာရှေအမျိုးသားနေရာအနားမှာ ဗက်ရှန်မြို့ နှင့်ကျေးလက်၊ တာနက်မြို့နှင့်ကျေးလက်၊ မေဂိဒ္ဒေါမြို့နှင့်ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာတို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့သည် နေရာကျကြ၏။

30. အာရှာသားကား ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။

31. ဗေရိယသားကား ဟေဗာနှင့် မာလကျေလတည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊

32. ဟေဗာသားကား ယာဖလက်၊ ရှောမာ၊ ဟောသံ၊ နှမရှုအာတည်း။

33. ယာဖလက်သားကား ပါသက်၊ ဗိမဟာလ၊ အာရှဝတ်တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 7