ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 6:63-73 Judson Bible (BJB)

63. မေရာရိသားအဆွေအမျိုးတို့သည် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက မြို့တဆယ်နှစ်မြို့တို့ကို ရကြ၏။

64. ဤမည်သော မြို့တို့ကို မြို့နယ်နှင့်တကွ၊ ဣသရေလအမျိုးသားတို့သည် လေဝိသားတို့အား ပေးကြ၏။

65. အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု၍၊ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲကပေးကြ၏။

66. ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့သည် ဧဖရိမ်ခရိုင်ထဲကရသည်အတိုင်း၊

67. ပြေး၍ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။

68. ထိုမှတပါး၊ ဂေဇာမြို့နှင့်မြို့နယ်၊ ယောကမံမြို့ နှင့်မြို့နယ်၊ ဗက်ဟောရုန်မြို့နှင့်မြို့နယ်တို့ကို၎င်း၊

69. ဒန်ခရိုင်ထဲကဧလတေကမြို့နှင့်မြို့နယ်၊ ဂိဗ္ဗသုန်မြို့နှင့် မြို့နယ်၊ အာဇလုန်မြို့နှင့်မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တို့ကို၎င်း၊

70. မနာရှေခရိုင်ဝက်ထဲက အနေရမြို့နှင့်မြို့နယ်၊ ဗိလံမြို့နှင့်မြို့နယ်တို့ကို၎င်း၊ ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့အား ပေးကြ၏။

71. ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲ က ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ်၊ အာရှတရုတ်မြို့နှင့် မြို့နယ်တို့ကို၎င်း၊

72. ဣသခါခရိုင်ထဲက ကေဒေရှမြို့နှင့်မြို့နယ်၊ ဒါဗရတ် မြို့နှင့်မြို့နယ်၊

73. ရာမုတ်မြို့နှင့်မြို့နယ်၊ အာနင်မြို့နှင့် မြို့နယ်တို့ကို၎င်း၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 6