ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 4:12-27 Judson Bible (BJB)

12. ဧရှတုန်သားကား ဗက်ရာဖ၊ ပါသာ၊ တေဟိန္နတည်း။ တေဟိန္နသားကား ဣရနာဟတ်တည်း။ ဤသူတို့သည် ရေခါအမျိုးသားဖြစ်ကြ၏။

13. ကေနတ်သားကား ဩသံယေလနှင့် စရာယတည်း။ ဩသံယေလသားကား ဟာသတ်နှင့် မောနောသဲတည်း။

14. မောနောသဲသားကား ဩဖရာတည်း။ စရာယသားကား ယွာဘ၊ ယွာဘ၏သားတို့သည် ဆရာသမားဖြစ်၍ ဆရာသမားချိုင့်၌ နေသောသူတည်း။

15. ယေဖုန္နသားဖြစ်သောကာလက်၏သားကား ဣရု၊ ဧလာ၊ နာမတည်း။ ဧလာသားကားကေနတ်တည်း။

16. ယေဟလလေလသားကား ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလတည်း။

17. ဧဇရသားကားယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်တည်း။ မေရက်နှင့် စုံဘက်သောဖာရောသမီး ဗိသဟာသည် မိရိ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘကို ဘွားမြင်၏။

18. မယား ယေဟုဒိယသည် ဂေဒေါ်အဘယေရက်၊ စောခေါအဘ ဟေဗာ၊ ဇာနော်အဘ ယေကုသေလကိုဘွားမြင်၏။

19. ယေဟုဒိယသည် နာဟံနှမဖြစ်၏။ နာဟံသည် ဂါမိရွာသားကိလ၊ မာခမြို့သား ဧရှတမော၏အဘ ဖြစ်သတည်း။

20. ရှိမုန်သားကား အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်တည်း။ ဣရှိသားကား ဇောဟက်၊ ဗဇောဟက်တည်း။

21. ယုဒသားဖြစ်သော ရှေလ၏သားကား လေကအဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကို ရက်တတ်သော အာရှဗာအဆွေအမျိုး၊

22. ယောယကိမ်အစရှိသော ခေါဇေဘလူ၊ မောဘပြည်၌အစိုးရသော ယောရှ၊ သာရပ်၊ ယာရှုဗိလင်တည်း။ ထိုသို့ဆိုသော် ရှေးစကားဖြစ်၏။

23. ထိုသူတို့သည် အိုးထိန်းသမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင်အနားမှာ နေလျက် အမှုတော်ကို ဆောင်ရွက်ရကြ၏။

24. ရှိမောင်သားကား ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလတည်း။

25. ရှောလသား ရှလ္လုံ၊ ရှလ္လုံသားမိဘသံ၊ မိဘသံသားမိရှမ၊

26. မိရှမသား ဟမွေလ၊ ဟမွေလသား ဇက္ကုရ၊ ဇက္ကုရသား ရှိမိတည်း။

27. ရှိမိသည် သားတဆယ်ခြောက်ယောက်နှင့် သမီးခြောက်ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ၏ညီအစ်ကိုတို့၌ သားမများ။ ရှိမောင်အမျိုးသားတို့သည် ယုဒအမျိုးသားကဲ့သို့ မပွါးမများတတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 4