အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 4 Judson Bible (BJB)

1. ယုဒသားကားဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတည်း။

2. ရှောဗာလသားကား ရာယ၊ ရာယသားယာဟတ်၊ ယာဟတ်သား အဟုမဲနှင့်လာဟဒ်၊ ဤရွေ့ကား ဇောရသိအမျိုးအနွယ်တည်း။

3. ဧကံအမျိုးအဘ၏သားကား ယေဇရေလ၊ ဣရှမ၊ ဣဒဗတ်၊ နှမဟာဇလေလပေါနိ၊

4. ဂေဒေါ်အဘပေနွေလ၊ ဟုရှအဘ ဧဇာတည်း။ ဤသူတို့သည် ဗက်လင်အဘ၊ ဧဖရတ်သားဦး ဟုရအမျိုးအနွယ်တည်း။

5. တေကော အဘ အာရှုရသည် ဟေလနှင့် နာရအမည်ရှိသော မယားနှစ်ယောက်ရှိ၏။

6. နာရဘွားမြင်သော သားကား အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတာရိတည်း။

7. ဟေလဘွားမြင်သော သားကား ဇေရက်၊ ယေဇော်၊ ဧသနန်၊ ကောဇတည်း။

8. ကောဇသားကား အာနုပ်နှင့် ဇောဗေဒ အစရှိသော ဟာရုံသား အဟာရေလ အဆွေအမျိုးတည်း။

9. ထိုအဆွေအမျိုး၌ ယာဗက်သည်ထူးဆန်းသောသူဖြစ်၏။ သူ၏အမိက၊ ငါသည်ပြင်းစွာသောဝေဒနာကိုခံ၍ ဤသားကို မြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။

10. ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုအစဉ်ကောင်းကြီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။

11. ရှုအာမောင် ကာလက်သားကား မဟိရ၊ မဟိရသား ဧရှတုန်တည်း။

12. ဧရှတုန်သားကား ဗက်ရာဖ၊ ပါသာ၊ တေဟိန္နတည်း။ တေဟိန္နသားကား ဣရနာဟတ်တည်း။ ဤသူတို့သည် ရေခါအမျိုးသားဖြစ်ကြ၏။

13. ကေနတ်သားကား ဩသံယေလနှင့် စရာယတည်း။ ဩသံယေလသားကား ဟာသတ်နှင့် မောနောသဲတည်း။

14. မောနောသဲသားကား ဩဖရာတည်း။ စရာယသားကား ယွာဘ၊ ယွာဘ၏သားတို့သည် ဆရာသမားဖြစ်၍ ဆရာသမားချိုင့်၌ နေသောသူတည်း။

15. ယေဖုန္နသားဖြစ်သောကာလက်၏သားကား ဣရု၊ ဧလာ၊ နာမတည်း။ ဧလာသားကားကေနတ်တည်း။

16. ယေဟလလေလသားကား ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလတည်း။

17. ဧဇရသားကားယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်တည်း။ မေရက်နှင့် စုံဘက်သောဖာရောသမီး ဗိသဟာသည် မိရိ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘကို ဘွားမြင်၏။

18. မယား ယေဟုဒိယသည် ဂေဒေါ်အဘယေရက်၊ စောခေါအဘ ဟေဗာ၊ ဇာနော်အဘ ယေကုသေလကိုဘွားမြင်၏။

19. ယေဟုဒိယသည် နာဟံနှမဖြစ်၏။ နာဟံသည် ဂါမိရွာသားကိလ၊ မာခမြို့သား ဧရှတမော၏အဘ ဖြစ်သတည်း။

20. ရှိမုန်သားကား အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်တည်း။ ဣရှိသားကား ဇောဟက်၊ ဗဇောဟက်တည်း။

21. ယုဒသားဖြစ်သော ရှေလ၏သားကား လေကအဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကို ရက်တတ်သော အာရှဗာအဆွေအမျိုး၊

22. ယောယကိမ်အစရှိသော ခေါဇေဘလူ၊ မောဘပြည်၌အစိုးရသော ယောရှ၊ သာရပ်၊ ယာရှုဗိလင်တည်း။ ထိုသို့ဆိုသော် ရှေးစကားဖြစ်၏။

23. ထိုသူတို့သည် အိုးထိန်းသမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင်အနားမှာ နေလျက် အမှုတော်ကို ဆောင်ရွက်ရကြ၏။

24. ရှိမောင်သားကား ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလတည်း။

25. ရှောလသား ရှလ္လုံ၊ ရှလ္လုံသားမိဘသံ၊ မိဘသံသားမိရှမ၊

26. မိရှမသား ဟမွေလ၊ ဟမွေလသား ဇက္ကုရ၊ ဇက္ကုရသား ရှိမိတည်း။

27. ရှိမိသည် သားတဆယ်ခြောက်ယောက်နှင့် သမီးခြောက်ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ၏ညီအစ်ကိုတို့၌ သားမများ။ ရှိမောင်အမျိုးသားတို့သည် ယုဒအမျိုးသားကဲ့သို့ မပွါးမများတတ်။

28. ရှိမောင်အမျိုးတို့သည် ဒါဝိဒ်မင်းကြီးလက်ထက်တိုင်အောင် ဗေရရှေဘမြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊

29. ဗိလဟာမြို့၊ ဧဇင်မြို့၊ ဗတာလဒ်မြို့၊

30. ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊

31. ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိမြို့၊ ရှာရိမ်မြို့တို့၌ နေကြ၏။

32. ထိုမှတပါး၊ တောမြို့ဧတံ၊ အင်ရိမ္မုန်၊ တောခင်၊ ဧသာ၊ အာရှန်တည်းဟူသော မြို့ငါးမြို့နှင့်တကွ၊

33. ပတ်လည်၌ရှိသော ရွာအပေါင်းတို့ကို ဗာလမြို့တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား၊ ရှိမောင်အမျိုးသားနေရာနှင့် ဆွေစဉ်မျိုးဆက်ဖြစ်သတည်း။

34. မေရှောဗပ်၊ ယာမလက်၊ အာမဇိသားယောရှ၊

35. ယောလ၊ အာသေလသား စရာယ၏သားယောရှိဘိ၏သားယေဟု၊

36. ဧလျောနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယနှင့်တကွ၊

37. ရှေမာယ၊ ရှိမရိ၊ ယေဒါယ၊ အလ္လုန်၊ ရှိဖိတို့မှဆင်းသက်သော ဇိဇတည်းဟူသော၊

38. နာမအားဖြင့် မှတ်သောသူတို့သည် အဆွေ အမျိုးသူကြီးဖြစ်၍၊ သူတို့အမျိုးသည် အလွန်ပွားများသတည်း။

39. ထိုသူတို့သည် သိုးကျက်စားရာအရပ်ကို ရှာ၍ ချိုင့်အရှေ့ဘက်၊ ဂေဒေါ်မြို့ဝတိုင်အောင် သွားသောအခါ၊

40. မြက်ပင်ပေါများ၍ ကောင်းသောကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကို တွေ့ကြ၏။ ရှေးကာလ တွင်၊ ဟာမအမျိုးသားတို့သည် ထိုအရပ်၌ နေကြ၏။

41. အထက်ဆိုခဲ့ပြီးသော သူတို့သည် ယုဒရှင်ဘုရင် ဟေဇကိ လက်ထက်၌သွား၍၊ သိုးကျက်စားစရာ ကောင်းသောအရပ်ကို တွေ့သောကြောင့်၊ အရပ်သား နေရာရွာတို့ကို လုပ်ကြံ၍၊ ရှင်းရှင်းဖျက်ဆီးပြီးမှ ယနေ့ တိုင်အောင်နေကြ၏။

42. တဖန် ရှိမောင်အမျိုးသားယောက်ျားငါးရာတို့ သည် ဣရှိသား၊ ဗိုလ်ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလ နှင့်တကွ၊ စိရတောင်သို့ ချီသွား၍၊

43. အရင်လွတ်သော အာမလက်အမျိုးသားအကျန် အကြွင်းကို လုပ်ကြံ၍ ထိုအရပ်၌ ယနေ့တိုင်အောင်နေကြ၏။