ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 25:6-15 Judson Bible (BJB)

6. ထိုသားအပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကိုတီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။

7. ထိုသူတို့နှင့်တကွ ထာဝရဘုရား၏သီချင်းကို သင်၍ လေ့ကျက်သော ညီအစ်ကိုပေါင်းတားနှစ်ရာ ရှစ်ကျိပ်ရှစ်ယောက်တည်း။

8. ထိုသူတို့သည်အကြီးအငယ် ဆရာတပည့် ရောနှောလျက် စာရေးတံပြု၍ သင်းဖွဲ့ရာမှာ၊

9. ပဌမသူကား၊ အာသပ်အပေါင်းအသင်းဝင်သူ ယောသပ်တည်း။ ဒုတိယသူဂေဒလိ၊ သူနှင့်သူ၏သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။

10. တတိယသူဇက္ကုရ၊သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။

11. စတုတ္ထသူဣဇရိ၊သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

12. ပဥ္စမသူနေသနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

13. ဆဌမသူဗုက္ကိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

14. သတ္တမသူယေရှရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

15. အဋ္ဌမသူယေရှာယ၊ သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 25