ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 23:27-29 Judson Bible (BJB)

27. နောက်ဆုံးအမိန့်တော်အတိုင်း၊ အသက် နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။

28. အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန် သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသော အရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏ အိမ်တော်နှင့်တန်တိုင်းများ၊ အခန်းများ၌အမှုကို ဆောင် ရွက်ရကြမည်။

29. ရှေ့တော်မုန့်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်ကို၎င်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကို၎င်းလုပ်၍ ဘုရားသခင်၏ အိမ်တော် အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းတွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်းအမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 23