1. ဒါဝိဒ်မင်းသည် အသက်ကြီး၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ၊ သားတော်ရှောလမုန်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍၊
2. ဣသရေလမင်း ယဇ်ပုရောဟိတ်၊ လေဝိသား အပေါင်းတို့ကို စုဝေးစေတော်မူ၏။
3. လေဝိသားတို့တွင် အသက်သုံးဆယ် လွန်၍ စာရင်းဝင်သော ယောက်ျားပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။
4. ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရ ကြ၏။
5. လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။
6. လေဝိသားဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုး အသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တမျိုးတခြားစီ သင်းဖွဲ့ စေ၏။
7. ဂေရရှုံအမျိုးသားကား၊ လာဒန်နှင့်ရှိမိတည်း။
8. လာဒန်သားအကြီးကား၊ ယေဟေလ၊ သူ၏ညီ ဇေသံနှင့် ယောလ၊ ပေါင်းသုံးယောက်တည်း။
9. ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည်လာဒန်အဆွေ အမျိုးသူကြီးဖြစ်ကြ၏။
10. ရှိမိသားကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိ၊ ပေါင်း လေးယောက်တည်း။