ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 2:13-23 Judson Bible (BJB)

13. ယေရှဲသားဦးကားဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊

14. စတုတ္ထသား နာသနေလ၊ ပဥ္စမသား ရဒ္ဒဲ၊

15. ဆဋ္ဌမသားဩဇင်၊ သတ္ထမသား ဧလိဟု၊ အဋ္ဌမသားဒါဝိဒ်တည်း။

16. သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကားအဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်းသုံးယောက်တည်း။

17. အဘိဂဲလသားကား အာမသ၊ အာမသအဘကား ဣရှမေလအမျိုးယေသာတည်း။

18. ဟေဇရုံသားကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။

19. အဇုဘသေသောနောက် ဧဖရတ်ကိုသိမ်း၍ ဟုရကို မြင်ပြန်လေ၏။

20. ဟုရသားကား ဥရိ၊ ဥရိသားကား ဗေဇလေလတည်း။

21. ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘမာခိရ၏သမီးနှင့် စုံဘက်၍ စေဂုပ်ကို မြင်လေ၏။

22. စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင်၏။

23. ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 2