5. ဇုဖအရပ်သို့ ရောက်သောအခါ၊ ရှောလုက၊ ပြန်ကြစို့။ သို့မဟုတ် အဘသည် မြည်းတို့ကြောင့် မစိုးရိမ်၊ ငါတို့ကြောင့် စိုးရိမ်လိမ့်မည်ဟု ငယ်သားကို ပြောဆိုလျှင်၊
6. ငယ်သားက၊ ဤမြို့၌ အသရေ ထင်ရှားသော ဘုရားသခင်၏ လူတယောက်ရှိ၏။ သူပြောသမျှသော စကားသည် ဧကန်အမှန် ပြည့်စုံတတ်၏။ သူ့ထံသို့ သွားကြစို့။ ငါတို့ သွားရသောလမ်းကို သူပြကောင်း ပြလိမ့်မည်ဟု ဆို၏။
7. ရှောလုကလည်း၊ သွားလျှင် အဘယ်အရာကို လှူရမည်နည်း။ ငါတို့၌ပါသော မုန့်ကုန်ပြီ။ ဘုရား သခင်၏ လူကို လှူစရာ အလှူတစုံတခုမျှ မရှိ။ ငါတို့၌ တစုံတခုရှိသေးသလောဟု ငယ်သားအား မေးသော်၊