ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 17:12-22 Judson Bible (BJB)

12. ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်သော ဒါဝိဒ်၏ အဘယေရှဲသည် သားရှစ်ယောက် ရှိ၏။ ရှောလုလက်ထက်၌ ထိုသူသည် အသက်ကြီးသော သူ၏ အရာရှိ၏။

13. ယေရှဲ၏သားတို့တွင် အသက် အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကို ထမ်း၍ ရှောလုနောက် သို့ လိုက်ကြ၏။ သူတို့အမည်ကား သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်၊ တတိယသားရှိမာတည်း။

14. ဒါဝိဒ်သည် အငယ်ဆုံးသော သားဖြစ်၏။ သားကြီးသုံးယောက်တို့သည် ရှောလုနောက်တော်သို့ လိုက်ကြသော်လည်း၊ -

15. ဒါဝိဒ်သည် မလိုက်၊ ဗက်လင်မြို့မှာ မိမိအဘ၏ သိုးတို့ကို ထိန်းကျောင်းခြင်းငှါ ပြန်သွားလေ၏။

16. ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး၊ နံနက်တခါ၊ ညဦးတခါ ချဉ်းကပ်၍ ကိုယ်ကို ပြ၏။

17. ထိုအခါ ယေရှဲသည် မိမိသား ဒါဝိဒ်ကို ခေါ်၍၊ သင့်အစ်ကိုတို့အဘို့ ဤပေါက်ပေါက် တဧဖာနှင့် ဤမုန့်ဆယ်လုံးတို့ကို ယူ၍ အစ်ကိုတို့ရှိရာ တပ်တော်သို့ ပြေးသွားလော့။

18. ဤဒိန်ခဲဆယ်လုံးကိုလည်း ယူ၍ သူတို့တပ်မှူးအား ဆက်လော့။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်း ရှိသည် မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို့ထံမှာ သက်သေတစုံတခုကို ခံယူလော့ဟုမှာလိုက်လေ၏။

19. ထိုကာလ၌ ရှောလုမှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလလူအပေါင်းတို့သည် ဧလာချိုင့်မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက်လျက် ရှိကြ၏။

20. ဒါဝိဒ်သည် နံနက်စောစောထ၍ သိုးတို့ကို သိုးထိန်း၌ အပ်ပြီးလျှင်၊ အဘမှာလိုက်သည် အတိုင်း စားစရာကို ယူသွား၍၊ ရိက္ခာလှည်းထားရာသို့ ရောက်သောအခါ၊ -

21. ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိတပ်သားတို့သည် စစ်ခင်းကျင်း၍ စစ်တလင်းသို့ ချီလျက်၊ စစ် တိုက်မည်အသံနှင့် ကြွေးကြော်ကြ၏။

22. ဒါဝိဒ်သည် မိမိ၌ပါသောအရာတို့ကို ရိက္ခာစောင့်လက်၌ အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို့ ပြေး၍ မိမိအစ်ကိုတို့ကို နှုတ်ဆက်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 17