ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 10:10-23 Judson Bible (BJB)

10. တောင်တော်သို့ရောက်သောအခါ၊ ပရောဖက် အပေါင်းအသင်းတို့သည် ဆီး၍ ကြိုကြစဉ်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလုအပေါ်သို့ သက်ရောက်တော်မူသဖြင့်၊ သူတို့နှင့်အတူ ပရောဖက် ပြုလေ၏။

11. ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ၊ ကိရှ၏သား၌ အဘယ်သို့ ဖြစ်သနည်း။ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလော ဟု တယောက်ကိုတယောက် မေးမြန်းကြ၏။

12. ထိုအရပ်သား တယောက်က၊ သူတို့အဘကား အဘယ်သူနည်းဟုဆို၍၊ ရှောလုသည်လည်း ပရော ဖက်တို့၌ ပါသလောဟူသော စကားသည် ပုံစကားဖြစ်လေ၏။

13. ရှောလုသည် ပရောဖက်ပြုပြီးမှ မြင့်သောအရပ်သို့ သွား၏။

14. ရှောလု၏ ဘထွေးက၊ သင်တို့သည် အဘယ်အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သားကို မေးလျှင်၊ ရှောလုက၊ မြည်းတို့ကို ရှာရအောင် သွား၏။ မတွေ့သောအခါ ရှမွေလထံသို့ ရောက်သည်ဟု ပြန်ပြော၏။

15. ဘထွေးကလည်း၊ ရှမွေလသည် အဘယ်သို့ ပြောသနည်း။ ငါ့အား ပြန်ပြောပါဟု တောင်းပန်သော်၊

16. မြည်းတို့ကို တွေ့ပြီဟု ရှမွေလသည် အတပ်ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအာ ပြန်ပြော ၍၊ ရှမွေလပြောသော နိုင်ငံအမှုအရေးကို ဘထွေးအား မကြားမပြောဘဲနေ၏။

17. တဖန် ရှမွေလသည် လူများတို့ကို မိဇပါမြို့ ထာဝရဘုရားထံတော်သို့ခေါ်၍ စည်းဝေးစေပြီးလျှင်၊

18. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးဖြစ်သော သင်တို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့၍၊ အဲဂုတ္တုမင်းအစရှိသော သင်တို့ကို ညှဉ်းဆဲသော မင်းအပေါင်း တို့ လက်မှ ကယ်နှုတ်သော်လည်း၊

19. သင်တို့ကို ဒုက္ခဆင်းရဲဘေးဥပဒ် ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ ဘုရားသခင်ကို ယနေ့ သင်တို့သည် ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှါ ချီးမြှောက်တော်မူပါဟု လျှောက်ကြ ပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ် ကြလော့ဟု ဣသရေလ အမျိုးသားတို့အား ဆိုသဖြင့်၊

20. အမျိုးအနွယ်အပေါင်းတို့ကို ချဉ်းကပ်စေပြီးမှ၊ ဗင်္ယာမိန်အမျိုးကို မှတ်တော်မူ၏။

21. ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချည်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလု ကို၎င်း မှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။

22. ထိုသူသည် လာရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ လှည်းများ အစရှိသည်တို့၌ ပုန်း၍နေသည်ဟု မိန့်တော်မူ၏။

23. သူတို့သည် ပြေး၍ ခေါ်ခဲ့ကြ၏။ ရှောလုသည် လူများတို့တွင် ရပ်သောအခါ၊ ပခုံးအထက်မှာ အခြား သောသူထက် အရပ်သာ၍မြင့်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 10