ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​သ​တာ 9:19-24 Judson Bible (BJB)

19. မြို့ရိုးမရှိသောရွာတို့၌ နေသော ယုဒလူတို့သည် လည်း၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ၏။

20. တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။

21. ယုဒလူတို့သည် ရန်သူလက်မှ လွတ်၍ ချမ်းသာ ရသောနေ့၊

22. သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေ့ခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။

23. ယုဒလူတို့ကလည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။

24. ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကြောင့်၎င်း၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​သ​တာ 9