ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဇ​ရ 8:26-31 Judson Bible (BJB)

26. ငွေအခွက်ခြောက်ထောင်ငါးပိဿာ၊ ငွေတန်ဆာအခွက်တထောင်၊ ရွှေအခွက်တထောင်။

27. ရွှေဒင်္ဂါးတထောင်အချိန်ရှိသော ရွှေအင်တုံ နှစ်ဆယ်၊ ရွှေနှင့်အမျှမြတ်သော ရွှေကြေးဝါစစ် ဖလားနှစ်လုံးတို့ကို ငါချိန်၍အပ်လျက်၊

28. သင်တို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းကြ၏။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ၏။ ဤငွေနှင့် ဤရွှေသည်လည်း၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသောစိတ်နှင့် လှူသောရွှေငွေဖြစ်၏။

29. ယေရုရှလင်မြို့၊ ထာဝရဘုရား၏အိမ်တော်အခန်းတို့တွင် ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသရေလအဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မှီတိုင်အောင် ကြည့်ရှုစောင့်ရှောက်ကြလော့ဟု မှာထား၏။

30. ထိုအချိန်သော ရွှေ၊ ငွေတန်ဆာတို့ကို ယေရုရှလင်မြို့၊ ငါတို့

31. ပဌမလတဆယ်နှစ်ရက်နေ့တွင်၊ ငါတို့သည် အဟာငမြစ်မှထွက်၍၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်းနား၌ ချောင်း၍နေသော ရန်သူလက်မှ၊ ငါတို့၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဇ​ရ 8