ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဇ​ရ 1:7-11 Judson Bible (BJB)

7. ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာသိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန်တော်တန်ဆာတို့ကို၊

8. ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်းရှေရှဗာဇာ၌ ရေတွက်လျက် အပ်တော်မူ၏။

9. ဗိမာန်တော်တန်ဆာစာရင်းဟူမူကား၊ ရွှေဖလားသုံးဆယ်၊ ငွေဖလားတထောင်၊ ထားနှစ်ဆယ်ကိုးစင်း၊

10. ရွှေအိုးသုံးဆယ်၊ ခြားနားသောငွေအိုး လေးရာတဆယ်၊ အခြားသောတန်ဆာတထောင်၊

11. ရွှေတန်ဆာ၊ ငွေတန်ဆာအရေအတွက် ပေါင်းကား၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှဗာဇာသည် ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန်မြို့ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဇ​ရ 1