ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 50:1-2 Judson Bible (BJB)

1. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါလွှတ်လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာ ရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ၌ သင်တို့ကို ငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြုသော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ်ကြောင့်၊ သင်တို့အမိကို ငါလွှတ်လိုက်၏။

2. ငါလာသောအခါ အဘယ်ကြောင့် လူမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနှုတ်နိုင်အောင် လက်တိုသလော။ ကယ်ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမသဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည် နံကြ၏။ ရေငတ်၍ သေကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 50