ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 47:7-12 Judson Bible (BJB)

7. သင်ကလည်း၊ ငါသည် အရှင်မ၏အရာ၌ အစဉ်အမြဲနေမည်ဟု ထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတံ့သောအမှုကို မအောက်မေ့။

8. ထိုကြောင့်၊ ကာမဂုဏ်၌ ပျော်မွေ့၍၊ သောကကင်းလွတ်လျက်နေသောသူ၊ ငါရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ။ ငါသည် မုတ်ဆိုးမကဲ့သို့ ထိုင်၍ မနေရ။ သား ဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင်လော့။

9. သင်သည် ပြုစားသောအတတ်နှင့် နတ်ဝိဇ္ဇာအတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တနေ့တခဏခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။

10. သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစားပြီ။ ငါ့ကို အဘယ်သူမျှ မမြင်ဟု ဆိုပြီ။ သင့်ဥာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏စိတ်ကို မှောက်လှန်သည်ဖြစ်၍၊ သင်က ငါရှိ၏၊ ငါမှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ။

11. ထို့ကြောင့်၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင်၏အပေါ်မှာ ရောက်လိမ့်မည်။ သင်သည် မဖြေနိုင်သော အပြစ်ဒဏ်နှင့်၎င်း၊ မမြော်လင့်နိုင်အောင် ချက်ခြင်း ဖျက်ဆီးခြင်းနှင့်၎င်း တွေ့ကြုံရလိမ့်မည်။

12. သင်သည် ငယ်သော အရွယ်မှစ၍၊ ကြိုးစားအားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့်၊ ပြုစားသော အတတ်အမျိုးမျိုးတို့ကို အမှီပြု၍ တည်နေလော့။ အကျိုးကို ရကောင်းလျှင် ရလိမ့်မည်။ နိုင်ကောင်းလျှင် နိုင်လိမ့် မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 47