အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 33 Judson Bible (BJB)

1. သူတပါး လုယူခြင်းကို မခံဘဲလျက်၊ လုယူတတ်သောသူ၊ သူတပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင်သည်အမင်္ဂလာရှိ၏။ သင်သည် မလုမယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ရောက်လိမ့်မည်။

2. အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မြော်လင့်ကြပါ၏။ နံနက်တိုင်း အကျွန်ုပ်တို့၌ ခွန်အားကို ပေးတော်မူပါ။ အမှုရောက်သောအခါ၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။

3. အလုံးအရင်း၏ အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ်ရပ် ကွဲပြားကြ၏။

4. သူတပါးတို့သည် သင်တို့၏ ဥစ္စာကို ကျိုင်းကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်းကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ်မှာ လူးလာပြေးကြလိမ့်မည်။

5. ထာဝရဘုရားသည် ချီးမြှောက်ခြင်းရှိတော်မူ၏။ မြင့်သောအရပ်၌ နေတော်မူ၏။ ဇိအုန်မြို့ကို တရားသဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေတော်မူ၏။

6. ဥာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွှံ့ခြင်း သဘောသည်လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။

7. သူရဲတို့သည် ပြင်၌ အော်ဟစ်ကြ၏။ မိဿဟာယစကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ၏။

8. လမ်းမတို့သည် ဆိတ်ညံကြ၏။ လမ်းခရီး၌ သွားလာသော သူမရှိ။ ထိုမင်းသည် သစ္စာပျက်လေပြီ။ မြို့များကို လည်း ပယ်လေပြီ။ အဘယ်သူ၏ မျက်နှာကို မမှတ်တတ်။

9. ပြည်တော်သည် ငြိုငြင်၍ အားလျော့၏။ လေဗနုန်တောသည် ရှက်ကြောက်၍ နွမ်းရိ၏။ ရှာရုန်အရပ်သည် တောကဲ့သို့ ဖြစ်၏။ ဗာရှန်တောင်နှင့် ကရမေလတောင်သည် လှုပ်ရှား၏။

10. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထမည်။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက်မည်။

11. သင်တို့သည်ဖွဲကို ကိုယ်ဝန်ဆောင်၊ အမှိုက်ကို ဘွားမြင်ရလိမ့်မည်။ သင်ကို စိတ်သဘောသည် မီးဖြစ်၍၊ သင်တို့ကို ဖျက်ဆီးလိမ့်မည်။

12. လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့၎င်း၊ ဆူးပင်များကို ခုတ်၍ မီးရှို့သကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။

13. ဝေးသောသူတို့၊ ငါပြုသောအမှုကို မှတ်ကြလော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။

14. အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက်ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည်နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်းကို ခံလျက်နေရမည်နည်း။

15. တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာ ပြောထသော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသောငွေကို ရွံ၍၊ တံစိုးကို လည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်းအမှုကို နားမခံ၊ အဓမ္မ အမှုများကို မကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေလိမ့်မည်။

16. ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။

17. သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်း အသရေတော်ကို ကိုယ်မျက်စိနှင့် မြင်ရ၍၊ ဝေးလှသောပြည်ကို လည်း ကြည့်မြင်ရလိမ့်မည်။

18. သင်သည် ကြောက်လန့်ဘွယ်သော အခြင်းအရာကို အောက်မေ့သောအခါ၊ စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်မှာ ရှိသနည်း။

19. ကြမ်းတမ်းသောလူမျိုး၊ နားမဝင်နိုင်အောင် နက်နဲသောစကား၊ နားမလည်နိုင်အောင် ခက်ခဲသောစကားကို ပြောသော လူမျိုးကို သင်သည်မတွေ့မမြင်ရ။

20. ငါတို့ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့။ တိုင် တခုမျှမရွှေ့၊ ကြိုးတခုမျှမပြတ်၊ အလျှင်း မပျက်ရသော တဲတည်းဟူသော၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်။

21. ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့် မည်။ ထိုအရပ်၌ တက်သောရဲလှေ၊ အားကြီးသော သင်္ဘောတစင်းမျှ မရှောက်မသွားရ။

22. အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့် မည်။

23. သင်၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ၏။ ရွက်တိုင်ကို ခိုင်ခံ့စွာမချည်၊ ရွက်ကိုလည်း မဖြန့်နိုင်။ သို့ဖြစ်၍၊ များစွာသောဥစ္စာကို လုယူဝေငှရ၏။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာကို လုယူရ၏။

24. မြို့သားကလည်း၊ ငါနာသည်ဟုမဆိုရ။ ထိုမြို့၌ နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြ လိမ့်မည်။