ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 3:18-26 Judson Bible (BJB)

18. ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊

19. နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊

20. ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊

21. လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊

22. ရွှေဈာအင်္ကျီ၊ တပက်၊ ခေါင်းခြုံ၊ လွယ်အိတ်၊

23. လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်။

24. မွှေးသော အနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်းထုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌လျှောတေကြိုး၊ လှသော အဆင်းရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။

25. သင်၏ လူတို့သည် ထားလက်နက်ဖြင့်၎င်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်၎င်း လဲ၍ ဆုံးရှုံးကြလိမ့်မည်။

26. သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 3