ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 3:14-20 Judson Bible (BJB)

14. ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီး သူတို့ကို၎င်း၊ မင်းတို့ကို၎င်း တရားစီရင်ရာ၌ ဆီးကြိုး တော်မူမည်။ သင်တို့သည် ငါ့ဥယျာဉ်တော်ကိုစားကြပြီ။ ဆင်းရဲသောသူတို့၏ ဥစ္စာကို လုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ။

15. ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသ နည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင် ထာဝရဘုရား မိန့်တော်မူ၏။

16. တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည် လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊

17. ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံး ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှ အဝတ်ကိုပယ်၍ အရှက်ခွဲတော်မူမည်။

18. ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ဈာဦးထုပ်၊ လဆန်းရုပ်လည်ဆွဲ၊

19. နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊

20. ပေါင်းသရဖူ၊ ရွှေခြေကြိုး၊ ခါးပန်း၊ နှာခေါင်းဘူး၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 3