ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 28:25-29 Judson Bible (BJB)

25. လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ဇီယာ မျိုးစေ့ကို ကြဲသည်မဟုတ်လော။ ဂျုံစပါးမျိုးစေ့ကို အ တန်းတန်းစိုက်၍၊ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့ အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော။

26. အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီ ရင်တတ်သော ဥာဏ်ကို ပေးတော်မူ၏။ သူ့ကိုလည်း သွန်သင်တော်မူ၏။

27. စမုန်နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မနယ်တတ်။ ဇီယာစေ့ပေါ်၌လည်း လှည်းဘီးကို မလှိမ့်တတ်။ စမုန်နက်စေ့ကို တုတ်နှင့်၎င်း၊ ဇီယာစေ့ကို ကြိမ်လုံးနှင့်၎င်း ရိုက်တတ်၏။

28. ဂျုံစပါးကိုကား နယ်တတ်၏။ သို့သော်လည်း၊ အစဉ်နယ်တတ်သည်မဟုတ်။ လှည်းဘီးနှင့် မြင်းတို့ကို နှင်သော်လည်း၊ စပါးကို ညက်စေတတ်သည်မဟုတ်။

29. ထိုအမှုသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံပေးတော်မူခြင်းသည် အံ့ဩဘွယ်ဖြစ်၏။ ဥာဏ်တော်သည်လည်း ထူးဆန်းပေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 28