ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 27:1-9 Judson Bible (BJB)

1. ထိုကာလ၌ ထာဝရဘုရားသည် ပြေးတက်သော မြွေလဝိသန်ကို၎င်း၊ လိမ်သောမြွေလဝိသန်ကို၎င်း ခိုင်ခံ့ ကြီးမားသောထားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ ရှိသောနဂါးကိုလည်း သတ်တော်မူလိမ့်မည်။

2. ထိုကာလ၌ စပျစ်ဥယျာဉ်ကို အကြောင်းပြု၍၊ ဤသို့ သီချင်းဆိုကြလော့။

3. ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ်၏။ မခြားမလပ်ရေလောင်းမည်။ အဘယ်သူမျှ မဖျက်စေခြင်းငှါ၊ နေ့ညဉ့်မပြတ် စောင့်ရှောက်မည်။

4. ငါ့အမျက်ငြိမ်းပြီ။ ဆူးပင်မျိုးကိုမူကား၊ စစ်ပွဲ၌ ငါတွေ့ပါစေသော။ချက်ချင်းတိုက်၍ တပြိုင်နက်မီးရှို့မည်။

5. သို့မဟုတ် ငါ၏အစွမ်းသတ္တိကို ကိုးစား၍၊ငါနှင့် မိဿဟာယဖွဲ့ကြစေ။ ငါနှင့် မိဿဟာယဖွဲ့ကြစေသော။

6. နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့်မည်။ ဣသရေလသည် စိမ်းလန်း၍ အဖူးအငုံ ထွက်သဖြင့်၊ လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည်။

7. သူ့ကိုညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည်နည်းတူ၊ သူ့ကို ညှဉ်းဆဲတော်မူသလော။ သူ့ကိုသတ်သော သူတို့သည် အသေသတ်ခြင်းကို ခံရကြသည်နည်းတူ၊ သူသည်အသေသတ်ခြင်းကို ခံရသလော။

8. သူ့ကို စွန့်ပစ်၍ အတော်အတန် ဆုံးမတော်မူ ၏။ အရှေ့လေလာသောအခါ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ၏။

9. ထိုသို့ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 27