ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 21:11-17 Judson Bible (BJB)

11. ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်း။ အို ကင်းစောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်းဟု စိရတောင်ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။

12. ကင်းစောင့်ကလည်း၊ နံနက်သည်လာ၏။ ညဉ့်လည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်းကြ။ ပြန်သွားကြ။ တဖန် လာကြဟု ဆိုလေ၏။

13. အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန် လူစုတို့၊ သင်တို့သည် အာရပ်တောမှာ ညဉ့်ကို လွန်စေရကြမည်။

14. တေမပြည်သားတို့၊ ရေငတ်သောသူအဘို့ ရေကို ယူခဲ့ကြ၏။ ပြေးသောသူကို မုန့်နှင့်ဆီး၍ ကြိုကြ၏။

15. အကြောင်းမူကား၊ သူတို့သည် ထားဘေးမှ၎င်း၊ ထုတ်သောထား၊ တင်သောလေး၊ အလွန်ခက်သော စစ်မှု မှ၎င်း ပြေးကြ၏။

16. ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တနှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေရှိသမျှ ကွယ်ပျောက်၍၊

17. ကျန်ကြွင်းသော ကေဒါအမျိုးသား၊ လေးစွဲသူရဲတို့သည် အလွန်နည်းကြလိမ့်မည်ဟု၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 21