ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 14:1-7 Judson Bible (BJB)

1. အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို သနား၍ ဣသရေလအမျိုးကို တဖန်ရွေးကောက်သဖြင့်၊ သူတို့ကို နေရင်းပြည်၌နေရာ ချတော်မူလိမ့်မည်။ တကျွန်းတနိုင်ငံသားတို့သည် သူတို့နှင့် ပေါင်းဘော်၍ ယာကုပ်အမျိုး၌ ဆည်းကပ်ကြလိမ့်မည်။

2. တပါးအမျိုးသားတို့သည် သူတို့ကို နေရင်း အရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် တပါးအမျိုးသားတို့ကို ထာဝရဘုရား၏ ပြည်တော်တွင်၊ ကျွန်နှင့် ကျွန်မအရာ၌ ထား၍ စေစားကြလိမ့်မည်။ အထက်က သိမ်းသွားဘူးသော သူတို့ကို တဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဘူးသော သူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။

3. ထိုအခါ ထာဝရဘုရားသည် သင့်ကို ငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း၊ သူတပါး စေစား၍ ဆင်းရဲစွာ အစေကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာပေးတော်မူလျှင်၊

4. သင်သည် ဗာဗုလုန် ရှင်ဘုရင်ကို ရည်ဆောင်၍၊ ပုံစကားကို ဤသို့မြွက်ဆိုလိမ့်မည်။ အစိုးတရပြုသော သူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေပြီကား။

5. လူသတ္တဝါတို့ကို အမျက်ထွက်၍၊ အစဉ်မပြတ် ရိုက်ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍၊အစဉ်မပြတ် ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မ လူတို့၏တောင်ဝေးကို၎င်း၊

6. ထိုသို့အစိုးရသော သူတို့၏ ရာဇလှံတံကို၎င်း၊ ထာဝရဘုရား ချိုးတော်မူပြီ။

7. မြေတပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 14