15. သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ၏။
16. ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ်စေကြလော့။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။
17. ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့။ ကောင်းသောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မုတ်ဆိုးမတို့၏အမှုကို စောင့်ကြလော့။
18. ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
19. သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီးအနှံကို စားရကြလိမ့်မည်။
20. သို့မဟုတ်လျှင်၊ ငြင်းဆန်ပုန်ကန်လျှင် ထားလက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ် တော်ထွက်အမိန့်တော်ရှိ၏။
21. သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်းနှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာ ကျကြ၏။
22. သင်၏ ငွေသည်လည်း ချော်ဖြစ်လေပြီ။ သင်၏ စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏။
23. သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုး လက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသော သူတို့အဘို့ တရားမစီရင်ကြ။ မုတ်ဆိုးမအမှုကို နားမထောင်ကြ။
24. ထိုကြောင့်၊ ဣသရေလအမျိုး၌ တန်ခိုးကြီးသောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
25. သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့်ရှင်းရှင်း ကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။
26. သင်၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦးစွာခန့်ထားသည်နည်းတူ၊ တဖန်ငါခန့်ထား ဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။
27. ဇိအုန်မြို့သည် တရားအားဖြင့်၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ်သောအာဖြင့်၎င်း၊ ရွေးနှုတ်ခြင်းကို ခံရကြလိမ့်မည်။
28. လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့ အတူရောက်၍၊ ထာဝရဘုရားကို စွန့်သော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
29. သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင်တို့ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။
30. အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင်ကဲ့သို့၎င်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။