ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သြ​ဗ​ဒိ 1:6-13 Judson Bible (BJB)

6. သင်သည် အလွန်ပျက်စီးပြီတကား။ ဧသော သည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသော ဥစ္စာ ကို အလွန်ရှာဖွေကြသည်တကား။

7. သင်နှင့်မိဿဟာယဖွဲ့သော သူအပေါင်းတို့ သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သော သူတို့သည် သင့်ကို လှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက် သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင် ထားကြပြီ။ သင်၏ဥာဏ်ပညာ ကုန်ပြီ။

8. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ဧဒုံပြည်မှ ပညာရှိတို့ကို၎င်း၊ ဧသော၏တောင်မှ ဥာဏ် ကောင်းသော သူတို့ကို၎င်း ငါပယ်ရှားမည်။

9. အိုတေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏ သူရဲတို့သည် ကြောက်ကြလိမ့်မည်။

10. သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ ၍၊ အကုန်အစင်ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။

11. သင်သည် တဘက်၌နေသောနေ့၊ တကျွန်းတ နိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသော နေ့၊ တပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ ဝင်၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။

12. သင်၏ညီသည် တပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။

13. ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာတံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရ သောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေး ဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သြ​ဗ​ဒိ 1