ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သူ​ကြီး 18:19-31 Judson Bible (BJB)

19. သူတို့က တိတ်ဆိတ်စွာနေပါ။ ကိုယ်တော်နှုတ်ကို လက်နှင့်ပိတ်၍ အကျွန်ုပ်တို့နှင့် ကြွပါ။ အကျွန်ုပ်တို့အဘလုပ်ပါ။ ယဇ်ပုရောဟိတ်လုပ်ပါ။ တအိမ်ထောင်၌သာ ယဇ်ပုရောဟိတ်လုပ်ကောင်းသလော။ ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတနွယ်လုံး၌ ယဇ်ပုရောဟိတ် မလုပ်ကောင်းသလောဟု ဆိုကြသော်၊

20. ယဇ်ပုရောဟိတ်သည် ဝမ်းမြောက်၍ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တုကို ယူလျက်၊ ထိုလူစုထဲသို့ ဝင်သွားလေ၏။

21. ထိုသူတို့သည် သူငယ်များ၊ တိရစ္ဆာန်များ၊ ဝန်စလယ်များကို အဦးသွားစေသဖြင့် ကိုယ်တိုင် လိုက်လျက် လှည့်သွားကြ၏။

22. မိက္ခာအိမ်နှင့် ဝေးသောအခါ၊ မိက္ခာ၏ အိမ်နီးချင်းတို့သည် စည်းဝေး၍၊ ဒန်အမျိုးသားတို့ကို မှီအောင်လိုက်ကြ၏။

23. ကြွေးကြော်သောအခါ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော်၊

24. မိက္ခာက၊ သင်တို့သည် ငါလုပ်သောဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား။ ထိုအရာမှတပါး ငါ၌ အဘယ်အရာရှိသနည်း။ သို့သော်လည်း သင်တို့က၊ အဘယ်အခင်းရှိသနည်းဟု ငါ့ကို မေးကြသည်တကားဟု ဆိုသော်၊

25. ဒန်အမျိုးသားတို့က၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့်။ သို့မဟုတ် စိတ်ဆိုးသော သူတို့သည် သင့်ကို တိုက်၍ သင့်အသက်နှင့်သင့်အိမ်သားတို့ အသက်ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ၏။

26. မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။

27. ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သောအရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ ရောက်သဖြင့် ထားနှင့်လုပ်ကြံ၍ မြို့ကို မီးရှို့ကြ၏။

28. ဇိဒုန်မြို့နှင့်ဝေးသောကြောင့်၎င်း၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သောသူမရှိ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့်၌ တည်၏။ ထိုအရပ်၌ မြို့သစ်ကိုတည်၍ နေကြ၏။

29. ထိုမြို့ကို သူတို့အမျိုး၏အဘဣသရေလ၏ သားဒန်အမည်ကို မှီသဖြင့် ဒန်မြို့ဟူ၍ တွင်ကြ၏။ ထိုမြို့အမည်ဟောင်းကား လဲရှတည်း။

30. ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သားယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည့်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ်လုပ်ကြ၏။

31. ဘုရားသခင်၏အိမ်တော်သည် ရှိလောမြို့၌ ရှိသည်ကာလပတ်လုံး၊ မိက္ခာသွန်းသောရုပ်တုကိုလည်း တည်ထောင်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သူ​ကြီး 18