ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

သူ​ကြီး 18:1-12 Judson Bible (BJB)

1. ထိုကာလအခါ ဣသရေလရှင်ဘုရင်မရှိစဉ်၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ၏။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင်၊ အမွေခံထိုက်သည် အတိုင်းမခံရသေး။

2. သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှါ မိမိတို့ အမျိုးသား ခွန်အားကြီးသော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကို သွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်ပြီးလျှင် တည်းခို၍ နေကြ၏။

3. မိက္ခာအိမ်၌ ရှိစဉ်အခါ၊ လေဝိလုလင်၏ စကားသံကို မှတ်မိ၍၊ သူ့နေရာသို့ ဝင်လျှင်၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့လုပ်၍ နေသနည်းဟု မေးသော်၊

4. ထိုသူက၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သောအရာကို ပေး၍ ငါ့ကို ငှါးသဖြင့်၊ ငါသည် သူ၏ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော၏။

5. သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ယခုခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည်အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း၊

6. ယဇ်ပုရောဟိတ်က ငြိမ်ဝပ်စွာသွားကြလော့။ သင်တို့သွားရာလမ်းကို ထာဝရဘုရား ကြည့်ရှုတော်မူသည်ဟု ပြန်ပြော၏။

7. ထိုလူငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန် အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကို၎င်း၊ ဆုံးမပိုင်သော မင်းမရှိကြောင်းကို၎င်း၊ ဇိဒုန်အမျိုးသားတို့နှင့် ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကို၎င်း ကြည့်ရှု ပြီးမှ၊

8. အမျိုးသားချင်းရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်လာ၍ အမျိုးသားချင်းတို့က၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော်၊

9. သူတို့က၊ ထ၍ သွားတိုက်ကြကုန်အံ့၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့ မြင်ပြီ။ ငြိမ်ဝပ်စွာ နေကြသေးသလော။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှါ မဖင့်နွှဲကြနှင့်။

10. သွားလျှင် သတိမရှိသောလူမျိုးနှင့် ကျယ်ဝန်းသော ပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။

11. ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့မှ ဒန်အမျိုးသားလူခြောက်ရာတို့သည် စစ်တိုက်လက်နက် ပါလျက် ချီသွားကြ၏။

12. သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စားခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ သူ​ကြီး 18